32 C
Yangon

ပေါက်မြို့နယ်၊ တောင်မြင့်ရွာ စာသင်ကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဆဲဆိုသော စာများ ရေးသားခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်မြင့်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေတောင်မြေ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် တောင်မြင့်ရွာ စာသင်ကျောင်း၊ ဝန်ထမ်း အိမ်ရာနှင့် ပြည်သူပိုင် ဆိုင်ကယ်များကို ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူများကို ဆဲဆိုသည့် စာများပါ နံရံများတွင် ရေးသားခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက နိုင်ငံကို ဖျက်ဆီးရုံမက ကလေးတွေရဲ့ အနာဂတ်ကိုပါ ဖျက်ဆီးနေတယ်။ တောင်မြင့်ကျေးရွာ စာသင်ကျောင်း၊ ဝန်ထမ်း အိမ်ရာနဲ့ ပြည်သူပိုင် ဆိုင်ကယ်များ မီးရှို့ခံရတယ်။ လူနေအိမ်တွေတော့ မီးရှို့ခံရတာ မရှိဘူး။ ဆဲဆိုတဲ့ စာသားရေးခဲ့တာကတော့ အသိဉာဏ်မဲ့တဲ့ ခွေးစိတ်ဝင်နေသူတွေမို့ပါ။ ပြန်လာရဲရင် ပြန်လာခဲ့ပါ ထိုင်ပြီး စောင့်နေမယ် လို့ ပြောချင်ပါတယ်” ဟု ရွှေတောင်မြေ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article