32 C
Yangon

လောင်းလုံးတွင် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသော ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ပလမြို့ ထွေအုပ်ရုံး ဖောက်ခွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသော ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တက် ခြေလျင်တပ်ရင်း ၁၀၄ မှ စစ်သားများသည် ကရင်ကြီးရွာနှင့် သဘော့ဆိပ်ရွာ အကြား လမ်းပိုင်းရှိ သဘော့ဆိပ်ရွာရှိ ပျူစောထီး နေအိမ်သို့ ရောက်ရှိလာပြီး ​ကျေးရွာအတွင်း လှည့်ပတ်သွားပြီး ဆက်ကြေးကောက်ခံကာ စစ်သားနှင့် ပျူစောထီးများ Vigo ကား ၂ စီးဖြင့် ပြန်လာစဥ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Launglone People Defense Force-LLPDF (လောင်းလုံး-ပကဖ)၊ Dawei Guerilla Revolutionary Force – DGRF (ထားဝယ်-ပကဖ)နှင့် T-PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည် မပြုနိုင် သေးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-လောင်းလုံးမြို့နယ်က ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ခွဲ ပလမြို့ရှိအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ပလမြို့ ထွေအုပ်ရုံးရှိ အကြမ်းဖက် စစ်တပ်ကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ထွေရုံး၌ စစ်သားများကို စစ်ဆေးရေး တင်းကျပ်​နေသည့် ကြားမှ တောကြီး မြွေဟောက်တပ် အဖွဲ့ (King Cobra)မှ ဗုံးခွဲ တိုက်ခိုက် ခဲ့​ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

Photo – Launglone People Defense Force-LLPDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article