21 C
Yangon

ဝက်လက်တွင် စစ်တပ်က ကျေးရွာ ၅ ရွာကို ၂ ရက်ဆက်တိုက် မီးတင်ရှို့၊ ဗန်းမောက်မြို့ရှိ ကော်တာရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီး နေကြောင်း GZ Special Task Force – Wetlet အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အတွင်းရှိ ပိတောက်ခြုံ၊ ငါးကျင်အိုင်၊ ဆင်းနင်း၊ ကျောင်းကုန်းနှင့် သစ်ဆိပ့်ရွာတို့ကို အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“ဝက်လက် အရှေ့ခြမ်း ပိတောက်ခြုံရွာက စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၅ လုံး ပြာကျတယ်။ တောတဲ ၁ လုံးလည်း မီးထဲပါသွားတယ်။ ငါးကျင်အိုင်ရွာ ကလည်း နေအိမ် ၅ လုံး မီးလောင်ပြာကျသွားတယ်။ ဆင်းနင်းရွာက နေအိမ် ၄ လုံးလည်း မီးလောင် ပြာကျတယ်။ ဒီနေ့ မီးရှို့ဖျက်ဆီးခံရတဲ့ သစ်ဆိပ့်ရွာနဲ့ ကျောင်းကုန်းရွာက ပျက်စီး ဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ပြည်သူတွေလည်း ထွက်ပြေး တိမ်းရှောင်နေတယ်။ ပြည်သူတွေ ထိခိုက်မှု အခြေအနေတော့ အတည် မပြုနိုင်သေးဘူး” ဟု GZ Special Task Force – Wetlet အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ရှိ ကော်တာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်း မီးရှို့နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကော်တာကျေးရွာကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၃ ရက် ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခဲ့ပြီး ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီး နေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာများကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article