28 C
Yangon

မြိုင်မြို့နယ်တွင် စစ်အုပ်စုအလံကို မီးရှို့ကာ စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက် တိုဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စုက သတ်မှတ်ထားသည့် အလံကို မီးရှို့ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သပိတ် စစ်ကြောင်းကို မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော် မတီ၊ ဗကသ ရဲဘော်များ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာ ဆရာများ သမဂ္ဂ (ဗလကသ)၊ ဒေသခံ ကာကွယ်ရေး ရဲဘော်များနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ “စစ်ကောင်စီနဲ့ပူးပေါင်းသူမှန်သမျှပြတ်ပြတ်သားသားဆန့်ကျင်ကြ” ၊ “Power To The People” စသည့် စာသားများ ကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photo – IRW CJ & BEGSC-MYAING

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article