ရန်ကုန်၊ အောက်တိုဘာ ၁၆
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိကြောင်း MRF-Nattalin အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဗမာဆင်ဆွဲနှင့် ပျဥ်းမခေါင် ကျေးရွာအကြား အောက်တိုဘာလ ၁၅ ရက်နေ့၌ ဝင်ရောက်လာစဥ် ပဒေသာမိုင်း ၃ လုံးဖြင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄ MRF-Nattalin က ပဒေသာမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ကျိုက်မရောတွင် စစ်ကောင်စီတပ်နှင့် UG တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် Federal Freedom UG တပ်ဖွဲ့မှ ဖောက်ခွဲရေး ပစ္စည်းများ သယ်ယူနေစဥ် မုဒုံမြို့နှင့် ကျိုက်မရောမြို့အကြား ခုနှစ်ခွေတောင် ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များဖြင့် ထိပ်တိုက်တွေ့ဆုံကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်စဥ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ရဲ ၁ ဦး ထိမှန်ကာ သေဆုံးဖွယ်ရှိကြောင်း၊ UG ရဲဘော်များ ပြန်လည် ပစ်ခတ် ခံရသော်လည်း အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ၎င်းပစ်ခတ်မှု အတွင်း ရှေ့ထွက်မိုင်း ၃ လုံး၊ ဆိုင်ကယ် ၁ စီး၊ ဆိုင်ကယ်ဦးထုပ် ၁ လုံးတို့ ဆုံးရှုံးခဲ့ကြောင်း Federal Freedom UG တပ်ဖွဲ့ထံမှ သိရသည်။