ရန်ကုန်၊ အောက်တိုဘာ ၁၆
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသား သပိတ်အဖြစ် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၅ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့ကျောင်းသားနေ့ အထိမ်းအမှတ်တွင် မြန်မာနိုင်ငံမှ ဒီမိုကရေစီ ကျောင်းသား အခွင့်အရေးများ ဆုံးရှုံးနေသည့် ကျောင်းသားများ အတွက် လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံတွင် ကျောင်းသား ကလေးငယ်များကို အကြောင်းမဲ့ သတ်ဖြတ်ခံနေရသည့် အပေါ် နှုတ်ဆိတ်နေသည့် အတွက် ရှုတ်ချသည့် အနေဖြင့် ချီတက် ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။