ရန်ကုန်၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးနယ်မြေရဲစခန်းကို ယနေ့ နံနက်အစောပိုင်းတွင် PDF တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အထိနာသဖြင့် Mi35 ရဟတ်ယာဉ် ၂ စီးဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီကျော်အချိန် ဝက်လက်မြို့နယ်အနောက်ခြမ်းကို စစ်တပ်က ရဟတ် ယာဉ်များဖြင့် ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ရင်းမကျေးရွာသူ ပြည်သူ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။
“ရဟတ်ယာဉ် နဲ့လာပစ်လို့ ကျည်ထိမှန်ပြီး ပြည်သူတစ်ဦး ဆုံးပါတယ်။ သေ ဆုံး သူက အသက်၄၀ ကျော် အမျိုးသမီးတစ်ဦးပါ။ ရင်းမတောရွာကပါ။ ရွှေပန်းကုန်းရွာ တိုက်နယ်ရဲစခန်းကို ဒေသခံLocalအဖွဲ့တွေက စခန်သိမ်းသွားတိုက်ကြတယ်။ အဲဒါ သူတို့ဘက်က အကျအဆုံးများလို့ နမခကနေ ရဟတ် ယာဉ်တွေနဲ့ လာပစ်တာ။ စစ်ခွေး အသေ အရေအတွက်က တော့ မသိရသေးဘူး။ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း လတ်တလော ရဟတ်ယာဉ် နဲ့ပစ်နေတော့ရှောင်နေရတဲ့အချိန်ဆိုတော့ ဆက်သွယ်လုပ်လို့မရသေးဘူး” ဟု ဝက်လက်မြို့နယ်မှ ဒေသကာကွယ်ရေး ခေါင်းဆောင်တစ်ဦးက ပြောသည်။
ဝက်လက်မြို့ခံ ပြည်သူတစ်ဦးကမူ “၀က်လက်အနောက်ခြမ်းအခြေနေတော့မကောင်းဘူး။ ပုဇင်းတွေ၀ဲပြီး ပစ်နေတယ်။ ဝက်လက်မြို့နယ် ရွာသာကြီးနဲ့ တံတားဦးရွာအ ကြားမှာ ရဟတ်ယာဥ် နှစ်စီးနဲ့ပစ်နေတာတဲ့။ အခု ရွှေပန်းကုံး ဘက်မှာ ရဟတ်ယာဉ်နဲ့ထပ် ပစ်နေတယ်။ ရွှေပန်းကုံးရဲစခန်းကို ဝင်သိမ်းလို့” ဟု ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ကြည်းနှင့်လေတပ် ပူးတွဲ စစ်ရေးလေ့ကျင်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)