20 C
Yangon

မြိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ၊ ခင်ဦးတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်တပ်က ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးကျည်ထိမှန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ရွာတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများ လက်နက်ကြီးဖြင့် တိုက်ခိုက် ခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော သရက်ကန်ရွာကို အောက်တိုဘာလ ၁၆ ရက်နေ့ ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ၊ ၁၀၀ မမ၊၁၂၀ မမ များဖြင့် အချက်ရေ ၂၀၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ နေထိုင်သည့် နေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော သရက်ကန်ရွာကို ဝံပုလွေ​ ပြောက်ကျားတပ်ဖွဲ့(မြိုင်) နှင့်အတူ မဟာမိတ်ညီနောင်များ ဖြစ်သော နံ့သာမြိုင် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့(မြိုင်)၊ တမာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်)၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (တပ်ခွဲ ၁)၊ ဂဠုန်ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ (မြိုင်) တပ်ခွဲ၂ ၊ ပခုက္ကူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF)၊ Myaing Warriors၊ Southern Mating Young Boys Force (SMYBF)၊ မုန်တိုင်းတပ်ဖွဲ့၊ နွေဦးညီနောင်တပ်ဖွဲ့၊ ပြည်သူ့အာမာန်တပ်ဖွဲ့၊ အောင်ကြီးအဖွဲ့၊ စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့၊ အနောက်လွင်ပြင်ဒေသတပ်ဖွဲ့၊ Myaing Underground Defence Force (MUGDF)၊ Regional Defence Force(RDF)၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ နှင့်Local အင်အားစုများမှ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲရကြောင်း သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရေဦးမြို့နယ်ဘက်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာနှင့် အင်တိုင်းရွာ အကြား ရောက်ရှိနေစဥ် SSTF(MRDA ခွဲ-ခင်ဦး)နှင့် LGRF အဖွဲ့တို့ ပူးပေါင်းကာ ဒရုန်း ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီးနောက် သေနတ်များဖြင့် ပြန်လည် ရမ်းကား ပစ်ခတ်ခဲ့သောကြောင့် သရက်ပင်စုကျေးရွာမှ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Spring Special Task Force (MRDA ခွဲ-ခင်ဦး) အဖွဲ့က ထုတ်ပြန်ထားသည်။

Photo – အကြမ်းဖက် စစ်တပ် ပစ်ခတ်သော သေနတ်ကျည် ထိမှန်ခဲ့သည့် ဒေသခံ ပြည်သူ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article