ရန်ကုန်၊ အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီ၏ ခမရ ၃၅၈ စစ်ကြောင်းနှင့် KNLA တပ်ရင်း ၁၇၊ နဂါးနီစစ် ကြောင်း ပူးပေါင်းတပ်ဖွဲ့ကြား ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကာ ဗိုလ်မှူး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၆ ဦး လက် နက်ချ အညံ့ခံသဖြင့် အရှင်ဖမ်းဆီးရမိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းကျေးရွာနှင့် တဂေး (တကူခီး)ကျေးရွာကြားတွင် နယ်မြေရှင်းလင်းသော ဘုတ်ပြင်းအခြေစိုက် ခမရ ၃၅၈ စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ကာ စစ်သား ၁၆ ဦးကို အရှင်းဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်။
သိမ်းဆည်းရမိသော လက်နက်များတွင် MA အမျိုးအစား သေနတ် ၁၇ လက်၊ လက်နက်ကြီး ၁ လက်၊ ကျည်ဆံ အများအပြားနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို KNLA က ရရှိခဲ့ခြင်းဖြစ်သည်။
“လက်နက်ချအညံ့ခံတဲ့ ဖမ်းဆီးခံထားရသူတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်း သိမ်းပေးထားပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးထားပါတယ်” ဟု ဒေသသတင်းရင်းမြစ်တစ်ခုက ပြောသည်။
တိုက်ပွဲဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးနှင့် နဂါးနီစစ်ကြောင်းက တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၄၁ မိနစ်တွင်လည်း KNLA တပ် ရင်း ၁၇၊ နဂါးနီစစ်ကြောင်း တပ်ခွဲ ၂ နှင့် FEDERAL WINGS အဖွဲ့တို့က ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ခလရ ၃၂ တပ်ရင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲရာ ဗိုလ် ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- သိမ်းဆည်းရမိသော လက်နက်များ၊ စစ်သုံ့ပန်းများ။