32 C
Yangon

“ပြည်တော်ဝင်ပြီး နန်းသိမ်းမယ်” စာတန်း ကိုင်ဆောင်ကာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် “ပြည်တော်ဝင်ပြီးနန်းသိမ်းမယ်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ထီးနန်းကို အာဏာရူးမင်းအောင်လှိုင်မှ အတင်းအဓ္ဓမ လုယူသွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ထီးကိုယ့်နန်းကို ပြည်လည်ရရှိဖို့ အရမ်းလိုအပ်ပါတယ်။ ထီးနန်းပြန်ရဖို့ မြန်မာပြည်သူ ပြည်သားအားလုံးမှာလုံးဝတာဝန်ရှိပါတယ်။ ကျွန်တော်တို့တွေ ပြည်တော်ဝင်နိုင်ဖို့ နိုင်ရာတာဝန်တွေထမ်းဆောင်ပြီး
လုယူထားတဲ့ထီးနန်းကို ပြည်လည်သိမ်းပိုက်ရပါမယ်။ သည့်အတွက်ကြောင့် “ပြည်တော်ဝင်ပြီး နန်းသိမ်းမယ်” စာသားကို
ကိုင်ဆောင်ပြီး သပိတ်ထွက်ရှိခဲ့ခြင်းဖြစ်ပါတယ်” ဟု ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photos – AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article