ရန်ကုန်၊ အောက်တိုဘာ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာ ၂ ခုကို KNU နှင့် PDF ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့များ ဒဏ်ရာရရှိမှုများ ပြားကြောင်း KNU သတင်းရင်းမြစ်များက ပြောသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန် သထုံမြို့နယ် ဒုံသမိတံတားရှိ စစ်ကောင်စီတပ်ဂိတ် ၊ ဘားအံ-သထုံလမ်းပေါ်ရှိ ကြာပန်းပူး ပေါင်းစစ်ဆေးရေးဂိတ် စုစုပေါင်း ဂိတ် ၂ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့
ကြောင်း သိရှိရသည်။
“သထုံကြာပန်းဂိတ်မစ်ရှင်က စစ်ခွေး ၅ ကောင် ထိတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ကျနော်တို့ဘက်မှာ အထိအခိုက်မရှိဘူး။ ပစ်ပြီး တဖြည်းဖြည်း ပြန်ဆုတ်ခဲ့ပါတယ်” ဟု KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်ဘက်ကလည်း လုံခြုံရေးအင်အား တိုးမြှင့်နေသဖြင့် လာမည့်ရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- ကရင်ပြည်နယ်တွင် ကားများကို စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)