21 C
Yangon

ပြည်ကြီးတံခွန် ဆရာတော် နေထိုင်ဖူးသော ကျောက်တိုက်ကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျောင်းတွင်းရှိ လူငယ် ၂ ဦး ရိုက်နှက်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ဆရာတော် နေထိုင်ဖူးသည့် စိတ္တသုခ ပတ္တမြား ကျောင်းတိုက်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၂ ဦးကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာ ၁၅ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်၌ ၅၁ လမ်း ၁၂၉-၁၃၀ လမ်းကြားရှိ ပြည်ကြီးတံခွန် ဆရာတော် ယခင် နေထိုင်ခဲ့သော ကျောင်းဖြစ်သော စိတ္တသုခ ပတ္တမြား ကျောင်းတိုက်ကို အိမ်စီးကား ၈ စီး လက်နက် အင်အား အပြည့်အစုံဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ စိတ္တသုခကျောင်း သရက်ပင်ကျောင်းများကို ရှာဖွေခဲ့ပြီး ကျောင်းတွင်းရှိ လူငယ် အမျိုးသား ၂ ဦးကိုလည်း ဒူးထောက်ထိုင်ခိုင်းပြီး ရိုက်နှက်ကာ ကပ်ကြေးဖြင့် ထိုးသွားကြောင်း၊ လူငယ် ၁ ဦးမှာ ဆေးရုံတင်ထားရပြီး ၎င်းကျောင်းတိုက်ကို အကြမ်းဖက် စစ်တပ်မှ နှစ်ကြိမ်ရှာဖွေဖူးပါသည် ယခုသုံးကြိမ်မြောက်ရှာခြင်းဖြစ်ကြောင်း သိရသည်။

” ဒီကောင်တွေက အရင်ကလည်းဦးဇင်းကိုအသေရရအရှင်ရရအခုလိုပဲ အကြမ်းဖက်ပြီးမကြာခနရှာဖွေတတ်ပါတယ်။ ရှာတိုင်းလည်းဦးဇင်းကိုမမိပါဘူး။ မမိတဲ့အခါ မဆိုင်တဲ့သူတွေကိုရန်ရှာတာ လူမဆန်စွာညှင်းပန်းနှိပ်စက်တာမျိုးတွေလည်းလုပ်နေကြပါ။ သူတို့မှာသူတို့အာဏာနဲ့ပတ်သက်လာရင် ဘာသာလည်းမရဘူး သာသနာလည်းမရဘူး။ အကုန်မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတယ် သတ်ဖြတ်နေတာ ဒီကောင်တွေ အုပ်ချုပ်နေသမျှ ဦးဇင်းတို့ပြည်သူတွေဘဝအခုလိုပဲ အမြဲနှိပ်စက်ခံနေရမှာမို့ စစ်အာဏာရှင် စနစ်ဆိုးအောက်က အမြန်ဆုံးလွတ်အောင် တတ်နိုင်သည့်ဘက်ကနေ ပါဝင်ပေးကြဖို့ ဦးဇင်းအနေနဲ့ ပြည်သူကိုမေတ္တာရပ်ခံချင်ပါတယ်” ဟု ပြည်ကြီးတံခွန် ဆရာတော်က မိန့်ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article