ရန်ကုန်၊ အောက်တိုဘာ ၁၇
မကွေးတိုင်း နတ်မောက်မြို့နယ် ဖက်တောရေရွာကို ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့က ဖက်တောရေရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ ဖက်တောရေရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ရွာလုံးကျွတ် နီးပါး ဖမ်းဆီး ရိုက်နှက်ခံရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ၏ အသက်အန္တရာယ်လည်း စိုးရိမ်ရကြောင်း သိရသည်။
” မနေ့က ညပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးအနားရှိတဲ့ ဖက်တောရေရွာကို စစ်ခွေးတွေ မီးတင်ရှို့နေတယ်။ ဖက်တောရေက ပြည်သူတွေလည်း ရွာလုံးကျွတ် နီးပါး ဖမ်းဆီးခံထားရပြီး ရိုက်နှက်နေတာတွေရှိတယ်။ အခုညပိုင်းမှာ စစ်တပ်က နေအိမ်တွေပါ မီးတင်ရှို့နေတယ်။ ပြည်သူတွေရဲ့ အသက် အန္တရာယ်လည်း စိုးရိမ်နေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။