25 C
Yangon

ခန္တီးရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အချုပ်သား ၁၄ ဦးလွတ်မြောက်ပြီး ၄ ဦး ပြန်အဖမ်းခံရ ၊ သေနတ်တစ်လက်ပါသွားဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ရှိ ခန္တီးရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အချုပ်သား ၁၄ ဦးလွတ်မြောက်ပြီး ၄ ဦး ပြန်အဖမ်းခံရ ကြောင်း ခန္တီးမြို့ခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၂ နာရီကျော်အချိန် အချုပ်ခန်းကို သံဖြတ်လွှဖြင့်ဖြတ်ကာ ရဲတစ်ဦးကို ထိုး ကြိတ်ပြီး သေနတ်တစ်လက် ယူ ဆောင်သွားကြောင်း ၊ အချုပ်သား ၄ ဦး ပြန်လည် ဖမ်းဆီးရမိပြီး လွတ်မြောက်သူ ၁၀ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၈ ဦး ပါဝင်ကြောင်း သိရှိရသည်။

“G 3 သေနတ်တစ်လက်ပါသွားတယ်လို့ကြားပါတယ်။ အမှုတွေက သေနတ်သယ်လို့ ဖမ်းခံရတာနဲ့ PDF ဆိုပြီး ဖမ်းခံရတဲ့ အချုပ်သားတွေပါတယ်။ မူးယစ်အမှုနဲ့ ပြစ်မှု အချုပ်သားလည်းပါတယ်။ နိုင်ငံရေးအမှုက ၈ မှုလောက်ပါတယ်လို့ ကြားပါတယ်။ မြို့ခံတွေကတော့ လွတ်ပါစေ ဆုတောင်းကြတယ်။ အခု ပြန်မိတဲ့လူတွေလည်း အသတ်ခံရမလားတောင်မသိဘူး။ အခုတစ်မြို့လုံး ခွေးတွေချည်းပဲ ပိတ်ဆို့စစ်နေတာ” ဟု ခန္တီးမြို့ခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ အချုပ်ခန်းဖောက်ပြေးမှုကို စစ်တပ်ထောက်ခံသော News Of Myanmar တယ်လီဂရမ်သတင်းပေ့ချ်ကလည်း သတင်းဖော်ပြထားပြီး လွတ် မြောက်သွားသည့် အချုပ်သားများ၏ အမှုများကိုမူ ဖော်ပြထားခြင်းမရှိပေ။

ဓာတ်ပုံ-နိုင်ငံရေးအမှု ရင်ဆိုင်နေရသူများအပါအဝင် အချုပ်သားများ လွတ်မြောက်သွားသည့် ခန္တီးရဲစခန်းမှ အချုပ်ထောင်မှ အပေါက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article