20 C
Yangon

မူဆယ်တွင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားဖြင့် မူဆယ်တစ်မြို့လုံးကို စစ်တပ်က ပိတ်ဆို့စစ်ဆေးနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ယနေ့ မွန်းလွဲပိုင်းအချိန် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ဦး အနီးကပ်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသဖြင့် မူဆယ်တစ်မြို့လုံးတွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း မူဆယ်မြို့ခံများနှင့်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၅ မိနစ်အချိန်တွင် ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်​ရေးဇုန်အနီး တုန်ခန်ကျေး ရွာတွင် ကားလာပြင်စဉ် ဒုတိယဗိုလ်မှူးကြီးကို အမည်မသိ သေနတ်သမားတချို့က အနီးကပ်ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ပြီး သေဆုံးသွားပြီး ဖြစ်ကြောင်း သိရှိရသည်။

“တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လို့ သိရပါတယ်။ ပစ်သတ်ခံရတာ။ သူက ရှမ်း ပြည်နယ် လွှတ်တော်ရဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်လုပ်တဲ့သူလို့လည်း သိရပါတယ်။ နာမည်အတိအကျနဲ့ တပ်ရင်းကိုတော့ မသိရသေးဘူး။ အခြေအနေတွေက ရှုပ်ထွေးနေတယ်။ မူဆယ်မြို့မှာလည်း တပ်ရော ပြည်သူ့ စစ်ရော အတော်ကို ရှုပ်ထွေးနေပါတယ်” ဟု မူဆယ်သတင်းရင်းမြစ်က ပြော သည်။

မူဆယ်မြို့နယ်တွင် အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း မြို့နယ်တရား သူကြီး ရာဇာမင်းစိုး ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နေ့လည် ၁၂ နာရီခွဲကျော်အချိန် မူဆယ် မြို့မဈေးကြီးအတွင်းတွင် စစ်ကောင်စီဘက်တော်သား ပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည့်ဓာတ်ပုံ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article