28 C
Yangon

ရန်ကုန် စက်မှုဇုန် ၂၉ ခုမှ စက်ရုံများ နှင့် လုပ်ငန်းရှင်များ အသုံးပြုနေသည့် ဘဏ်အမည်စာရင်းများ ပေးပို့ရန် စစ်ကောင်စီက ညွှန်ကြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ၂၉ ခုမှ စက်ရုံများ အ သုံးပြုနေသည့် ဘဏ်များ၏ အမည်စာရင်းကို ရန်ကုန် တိုင်းစစ်ကောင်စီထံပေးပို့ရန် ညွှန်ကြားလာ ကြောင်း စက်မှု လုပ်ငန်းရှင်တချို့ထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ စာပေးပို့ခြင်းဖြစ်ပြီး စက်မှုဇုန်များအလိုက် စက် ရုံများက အသုံးပြုနေသည့် ဘဏ်များ၏ အမည်စာရင်းကို အောက် တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း၊ မည်သည့် အတွက်ကြောင့် ထိုသို့ တောင်းခံခြင်းဖြစ်သည်ကို နားမလည်နိုင်ကြောင်း စက်မှုလုပ်ငန်းရှင်တချို့က‌ ပြောသည်။

“ဒီညွှန်ကြားစာက ဘာအတွက်လဲ ဘာကိုရည်ရွယ်တာလဲတော့ နားမလည်ဘူး။ စက်ရုံတွေကတော့ ဘဏ်တွေအားလုံးနီးပါး အကောင့်ဖွင့်ပြီး သုံးနေရတာပါပဲ။ ဘာအတွက်လဲဆိုတာ နားလည်ခက်တယ်။ ထိန်းချုပ်မှု လုပ်ချင်လို့ တောင်းတယ်လို့ပဲ ယေဘုယျပြောလို့ရပါတယ်” ဟု စက်မှုဇုန်သတင်းရပ်ကွက်က ပြော သည်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင် လှိုင်သည် လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင် စက်မှုဇုန်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံမှုများ ဆက်တိုက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article