19 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်ရဲ့ မော်လမြိုင်ခရီးစဉ်အတွက် လုံခြုံရေး သွားယူပေးခဲ့တဲ့ ဘီးလင်းမြို့က စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို အောက်တိုဘာလ ၁၇ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့ကနေ မိုင်းခွဲ ပစ်ခတ်ရာမှာ ဘီးလင်းမြို့နယ်က ဒုရဲမှူး အောင်မြင့်စိုး သေသွား တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။ – အာဏာလု မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရိက္ခာ၊ အရန်ဆန် အတွက် ကုမ္ပဏီပေါင်း ၆၂ ခုကနေ ဆန်အိတ်ပေါင်း ၁ သိန်း ၄ သောင်းကျော် တင်သွင်းရမှာ ဖြစ်ပြီး၊ အဲ့ဒီ့ ဆန်အိတ်တွေကို အချိန်မီ ပေးသွင်းကြဖို့ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်က ကုမ္ပဏီတွေကိုညွှန်ကြားထား တယ်လို့ သိရပါတယ်။ – ပခုက္ကူ အကျဉ်းထောင်မှာ ထောင်တွင်းဖိနှိပ်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား အားလုံး အစာငတ်ခံ ဆန္ဒပြနေတဲ့အပြင် ၊အကျဉ်းသားတွေကို ဝန်ထမ်းတွေက ရိုက်နှက် နေပြီး ဒဏ်ရာရသူတွေအနေနဲ့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article