32 C
Yangon

မြဝတီ-ဝေါလေကားလမ်း၊ ညောင်ချောင်းတွင် စစ်ကောင်စီ၏ တပ်မ ၄၄ မှ ဗျူဟာမှူးတစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါလေကားလမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ တပ်မ ၄၄ မှ ဗျူဟာမှူးအဆင့်ရှိ အရာရှိတစ်ဦး အောက်တိုဘာလ ၁၉ ရက် ယနေ့နံနက်တွင် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

မြဝတီ-ဝေါလေကားလမ်း၊ ကျောက်ခက်ကျေးရွာအနီးတွင် တပ်မ ၄၄ မှ အဆိုပါ ဗျူဟာမှူးကို KNLA ပူးပေါင်းတပ် Cobra စစ်ကြောင်းက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ဖြစ်စဉ်က မနက် ၉ နာရီ ၃၇ မိနစ်မှာ၊ ကျောက်ခက်ရွာ အထက်ပိုင်း ညောင်ချောင်းဆိုတဲ့ နေရာမှာ ဖြစ်တာ။ ဗိုက်ပွင့်သွားတယ်၊ မြဝတီ သယ်သွားပြီ” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

စနိုက်ပါ ထိမှန်ပြီး သေဆုံးသူမှာ တပ်မ ၄၄ လက်အောက်ခံ၊ အမှတ် ၄၄၁ နည်းဗျူဟာမှ ဗျူဟာမှူးဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပြီး ရန်ကုန်ခေတ်သစ်က သီးခြားအတည်ပြုနိုင်ရန် စုံစမ်းလျှက်ရှိသည်။

ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မြဝတီ-ဝေါလေကားလမ်းတွင် အကြမ်းဖက်စစ်တပ်၏ တပ်မ ၄၄၊ နည်းဗျူဟာ ၄၄၁ လက်အောက်ခံ ခမရ ၁၀၂၊ ခလရ ၈၊ ခလရ ၂၀၇ တပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ကော်ဘရာစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဓါတ်ပုံ – ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါ ရဲဘော်တစ်ဦး (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article