27.5 C
Yangon

ချင်းပြည်နယ်တွင် ၆ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၂၅ ဦးသေဆုံးပြီး ကာကွယ်ရေး ရဲဘော် ၄ ဦးကျဆုံး၊ မိုးဗြဲ- လွိုင်ကော် လမ်းတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးကာ ခလရ ၁၄ မှ စစ်သား ၂ ဦး CDM ပြုလုပ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

ချင်းပြည်နယ် အတွင်း ဟားခါးနှင့် ထန်တလန် အကြားဖြစ်ပွားခဲ့သော ၆ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ စစ်သား ၂၅ ဦး ထက်မနည်း သေဆုံးကြောင်း သိရသည်။

အောက်တိုဘာ ၁၃ရက်မှ ၁၈ရက်နေ့အထိ ဟားခါးနှင့်ဟထန်တလန် အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်း သေဆုံး​ကာ CNA နှင့် CDF ဘက်မှ ၄‌ဦး ကျဆုံးကြောင်း သိရသည်။

ထတလန်မြို့မှ ဟားခါးသို့ စစ်ကူလာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ကြာညှပ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ လေကြောင်း အကူအညီများဖြင့်ပါ ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CNA၊ CDF-Hakha၊ CDF-Thantlang၊ CDF-Lautu၊ CDF-Mara နှင့် CDF-Zophei တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ CNA ရဲဘော် ၃ ဦးနှင့် CDF-Hakha ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း Chin National Front (CNF) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီက ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော် လမ်းပိုင်းကို စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဖယ်ခုံ PDF တပ်ရင်း ၂ နှင့် KNDF B 03 တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ MA သေနတ် ၁ လက်နှင့် ခဲယမ်း တချို့ သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် မိုးဗြဲမြို့ အတွင်းရှိ ခလရ ၁၄ မှ တပ်သား ၂ ဦး ဖယ်ခုံ PDF တပ်ရင်း ၂ ထံ CDM လာရောက် ပြုလုပ်လာခဲ့ပြီး ခလရ ၁၄ တပ်အတွင်း တပ်သားတစ်ဦးမှ ဒုတပ်ရင်းမှူးကို ပစ်သတ်တဲ့ ဖြစ်စဥ်များ ပြောဆိုခဲ့ကြောင်း၊ တပ်တွင်း အုပ်ချုပ်ရေး ပြဿနာများ ရှိနေပြီး ထွက်ပြေးသူများ များပြားနေကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ထံမှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article