ရန်ကုန်၊ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် ခမရ ၄၂၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့် အရာရှိတစ်ဦးကို ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း PSDA မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
PSDA ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန် တွင် မူဆယ်မြို့ နယ်၊ ၁၀၅ မိုင်စီးပွားရေးဇုံနယ်မြေတွင် စစ်ကောင်စီ ၏ တပ်မ (၉၉) လက် အောက် ခမရ ၄၂၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့်အတူ အရာရှိ တစ်ဦးကို ရှင်းလင်းလိုက်ကြောင်း PSDA က ပြောဆိုသည်။
“သတင်းကြိုရထားတာရယ်၊ သူတို့ကိုစောင့်ကြည့်နေတာကြာပြီ ။ပြီးရင် သူက ဘယ် နားသွားသွား အဖော်သိပ်မပါတတ်တာရယ်။ သူ့ကိုစသိတဲ့အချိန်က တည်း က စောင့်ကြည့်နေတာ။တောက်လျှောက်လည်းလိုက်တယ်။ ရှေ့ မှာ စောင့် ပြီး ပိတ်ပြီးပစ်တာ။ သူက စစ်တပ်ရဲ့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား လှယ်ပါ” ဟု PSDAအဖွဲ့ က ရန်ကုန်ခေတ်သစ်ထံသို့ ပြောသည်။
ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်သည် NLD အစိုးရ လက်ထက်တွင်လည်းကောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင်လည်းကောင်း ရှမ်းပြည်နယ်လွှတ်တော်၏ စစ်တပ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
ရှမ်းပြည် မြောက်ပိုင်း ပြည်သူ့လုံခြုံရေးနှင့် ကာ ကွယ်ရေးတပ်ဖွဲ့ ၏ လှုပ်ရှားနယ်မြေဒေသတွင် စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် Non-CDM ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ဆက် လက်တိုက်ခိုက် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် Non-CDM ဌာနဆိုင်ရာဝန်ထမ်းများက ပြည်သူ့ အကျိုးပြုလုပ်ငန်းမှလွဲ၍ ကျန်ဌာနဆိုင်ရာမှ ဌာနလုပ်ငန် များ ရပ်ဆိုင်း နုတ်ထွက်ရန် ထပ်မံသတိ ပေးကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခမရ ၄၂၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးပြည့်ဖြိုးအောင်။