32 C
Yangon

ကျောက်ကြီးတွင် စစ်ကြောင်း မိုင်းဆွဲခံရ၍ စစ်သား ၄ ဦးသေဆုံးပြီး ချောင်းကူး တံတားကို စစ်တပ်က မီးရှို့၊ ပေါင်းတည်တွင် ရဲဆိုင်ကယ်များနှင့် စစ်ကြောင်းများ မိုင်းမိပြီး ရဲနှင့်စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ညောင်ပင်သာ ကျေး ရွာတွင် တပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် ဒိုက်ပုံကွင်းအတွင်း ဝင်ရောက်လာပြီး ဒိုက်ပုံချောင်းနား အနီး မိုင်းဆွဲ တိုက် ခိုက်ခံရသဖြင့် စစ်သား ၄ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိ‌ခဲ့ကြောင်း၊ မိုင်းဆွဲမှုကို တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေး၊ တပ်ရင်းအမှတ် (၃၅၀၂) အထူး စစ်ကြောင်း တပ်ခွဲက လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် စစ်တပ် စစ်ကြောင်းသည် ဒိုက်ပုံချောင်းတံတားကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကူများ ထပ်မံ ရောက်ရှိလာနိုင်သောကြောင့် တိုက်ပွဲများ ပြင်းထန်နိုင်မည့် အခြေအနေရှိကြောင်း တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေး၊ တပ်ရင်းအမှတ် (၃၅၀၂) အထူးစစ်ကြောင်း တပ်ခွဲက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများ စီးနင်းလာသည့် ဆိုင်ကယ် ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကြောင်း ပေါင်းတည် PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ပေါင်းတည်မြို့နယ် မှတ်တိုင်လမ်း ငါးအိမ်တန်း မရောက်မီ စိန်ပန်းပင်ဆိုင် အနီး ရဲများ စီးနင်းလာသည့် ဆိုင်ကယ် ၃ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းအကြီး တစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ရဲ ၂ ဦး ထိခိုက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) ၊ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)နှင့် တပ်ခွဲ (၅) နွေဦးအဖွဲ့မှ နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်၂ နာရီ ၄၅ မိနစ် အချိန် ဆင်ဆွဲရွာတွင် ကင်းပုန်းဝတ်နေသောစစ်တပ်ကို ပေါင်းတည် PDF က ဝင်ရောက်ပစ် ခတ်ခဲ့ကြောင်း၊ ထပ်မံ၍ PDF ၃၆၀၁ တပ်ရင်း(၂) Tigerအဖွဲ့က Tiger စစ်ဆင် ရေးအဖြစ် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန် ဆင်ဆွဲရွာ ထန်းပင်ကွင်းနားတွင် ကင်းပုန်း စစ်သား ၄ ဦးကို နေ့လယ်စာ ထမင်းစားနေစဉ် မိုင်းဆွဲတိုက် ခိုက် ရာ စစ်သား ၂ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ပေါင်းတည် PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က မီးရှို့ခဲ့သော ဒိုက်ပုံချောင်းတံတား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article