21.3 C
Yangon

မြောင်တွင် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရ၊ ရေနံချောင်းတွင် လျှပ်စစ်မီတာရုံးကို ၄၀ မမ ဗုံးသီး၊ လက်နက်ငယ်များ ဖြင့်ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

​စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေဘုံသာရွာကို စီးနင်းခဲ့သည့် အကြမ်းဖက် စစ် တပ် ​စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဝိုင်းဝန်း တိုက် ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း စစ်တပ်က ရွှေဘုံသာရွာကို ဝင်ရောက် စီးနင်းပြီးနောက် ကျောက်ရစ်စခန်းသို့ ပြန်နေစဉ် CDSOM အဖွဲ့နှင့် စော်ဘွားကြီးအဖွဲ့က ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းကိုပင် စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ မှလည်း ၄၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF TALOKE နှင့်အတူ မြင်းခြံ ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကူ လာရောက်ချိန် စစ်တပ်က လမ်းကြောင်းပြောင်း ဆုတ်ခွာသွားသောကြောင့် အပြင်း အထန် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် မကွေး တိုင်း၊ ရေနံချောင်းမြို့နယ်ရှိ ပြည်သူများကို လျှပ်စစ်မီတာခများ အဓမ္မကောက် ခံနေသော မြို့နယ် လျှပ်စစ်မီတာရုံးကို ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို PDF ရေနံချောင်း၊ PDF စလင်း နှင့် CAF-SPUPDF တို့က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြောင်CDSOM တပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article