ရန်ကုန်၊ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်တွင် ယနေ့ နံနက် ပိုင်း ခွင့်ဖြင့် ပြန်လာသည့် စစ်အရာရှိ လင်မယား မိသားစု ၃ ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက် ဗဟိုလမ်းနှင့် ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်အနီးတွင် ခွင့်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်မှ အရာရှိ လင်မယားအပါအဝင် မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
” ပဲပြုတ်ရောင်းတဲ့အိမ်က စစ်ဗိုလ်လင်မယား ခွင့်နဲ့ ပြန်လာတာ။ ဗဟိုလမ်းနဲ့ ပေါင်းစည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်နားမှာ ပစ်သတ်ခံရတယ်။ စစ်ဗိုလ်လင်မယားနဲ့ အမျိုးသားတစ်ဦး ၃ ဦးသေနေတယ်။ အခု စစ်တပ်က လမ်းတခြမ်းကို ပိတ်ထားတယ် ဗဟိုလမ်းကို။ စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာပြီး သူ့အမျိုးတွေကို လာကန်တော့တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပါမည်။