26 C
Yangon

လှိုင်မြို့နယ်တွင် ခွင့်ပြန်လာသည့် စစ်ဗိုလ်အောင်ကိုမင်း၊ အစ်မဖြစ်သူ လင်မယား ပစ်သတ်ခံရ ၊ စစ်တပ်က ဆက်လက် လမ်းပိတ်ဆို့ ထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်တွင် ယနေ့ နံနက် ပိုင်း ခွင့်ဖြင့် ပြန်လာသည့် စစ်ဗိုလ်အောင်ကိုမင်း၊ အစ်မဖြစ်သူ ရတနာဦးနှင့် ခင်ပွန်း မြင့်ဆွေတို့ မိသားစု ၃ ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ုအောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက် ဗဟိုလမ်းနှင့် ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်အနီးတွင် ခွင့်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်အောင်ကိုမင်း၊ အစ်မဖြစ်သူ ရတနာဦးနှင့် ခင်ပွန်းမြင့်ဆွေ စုစုပေါင်း မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

” ပဲပြုတ်ရောင်းတဲ့အိမ်က စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာတာ။ ဗဟိုလမ်းနဲ့ ပေါင်း စည်းလမ်းထိပ် သီရိမြိုင်မှတ်တိုင်နားမှာ ပစ်သတ်ခံရတယ်။ စစ်ဗိုလ်မိသားစုနဲ့ အမျိုးသားတစ်ဦး ၃ ဦးသေနေတယ်။ အခု စစ်တပ်က လမ်းတခြမ်းကို ပိတ်ထားတယ် ဗဟိုလမ်းကို။ စစ်ဗိုလ်က ခွင့်နဲ့ ပြန်လာပြီး သူ့အမျိုးတွေကို လာကန်တော့တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ဗဟိုလမ်းနှင့် လှိုင်မြို့နယ်အတွင်းရှိ လမ်းများကို ပိတ်ဆို့ စစ်ဆေးနေပြီး ပြည်သူတချို့ ရိုက်နှက်ခံရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article