29 C
Yangon

ဂန့်ဂေါတွင် ရဲတပ်သား ၁ ဦး လက်နက်နှင့်အတူ CDM လုပ်အလင်းဝင်မှု ကျပ်သိန်း ၅၀ ချီးမြှင့်၊ ချင်းပြည်နယ်တွင် စစ်တပ် စနိုက်ပါ သမားတစ်ဦး CDM ဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာ ရဲစခန်းမှ ရဲတပ်သား တစ်ဦး လက် နက်အပြည့်အစုံဖြင့် CDM လုပ် အလင်းဝင်လာသဖြင့် ယနေ့ ငွေကျပ် သိန်း ၅၀ ချီးမြှင့်ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှ၊ ရဲတပ်သားတဦး CDM ပြုလုပ်ပြီး ​အမှတ်-၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းကို အောက်တိုဘာ ၁၆ ရက်က ဝင်ရောက် ခိုလှုံလာကြောင်း၊ ရဲတပ်သားသည် G3 သေနတ်တစ်လက်၊ ကျည် ၈၉ တောင့် ကျည်ဘောက်စ် ၂ခု တို့နှင့်အတူ အလင်းဝင်လာသည့်အတွက် ယနေ့တွင် ငွေကျပ်သိန်း ၅၀ တိတိကို ပေးအပ်ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ ချင်းပြည်နယ်တွင် Civic Defense Militia တပ်ဖွဲ့ထံ အကြမ်းဖက် စစ်တပ်မှ စနိုက်ပါ တပ်သား ၁ ဦး CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ အခြေစိုက် စစ်တပ် တပ်ရင်းမှ စနိုက်ပါတပ်သား ဇမ်းချန်ဓေါလ်သည် စစ်တပ်၏ လုပ်ဆောင်မှုများသည်မဟုတ်မမှန် မကောင်းမွန်ကြောင်း သိရှိသည့်အတွက် CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Civic Defense Militia (CDM) Siyin တပ်ဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article