24 C
Yangon

ယင်းမာ၊ ရင်ပေါင်တိုင်ရွာမှ ထွက်လာသည့် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်တွင် ရင်ပေါင်တိုင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းမှ ထွက်ခွာလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ရင်ပေါင်တိုင်ရွာကို မနေ့က ရဟတ်ယာဥ်တွေနဲ့ လူချသွားတဲ့ စစ်ခွေးတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ ၉ ကောင်သေပါတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့မနက် ရင်ပေါင်တိုင်မှ ထွက်လားတဲ့ စကစ အကြမ်းဖက်တပ်သားများအား ယင်းမာပင် PDFများမိုင်းခွဲတိုက်ခိုက်ရာ စစ်မိစ္ဆာ ၉ ကောင်ခန့် မသာဖြစ်သွာကြောင်း သိရှိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် တပ်ရင်း ၂၊ ယင်းမာပင်မြို့နယ် တပ်ရင်း ၁ နှင့် ဒေါင်းမင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က အကြမ်းဖက် စစ်တပ်မှ ရဟတ်ယာဥ်များက ယင်းမာပင်မြို့နယ်အတွင်းရှိ ရင်ပေါင်တိုင်ရွာအပါအဝင် အနီးအနားရှိ ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ရဟတ်ယာဥ်ဖြင့် လူချကာ ရင်ပေါင်တိုင်ရွာအတွင်း တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

Photo – ယင်းမာပင် ခရိုင် တပ်ရင်း ၂ ရဲဘော်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article