ရန်ကုန်၊ အောက်တိုဘာ ၂၀
၅/အရာတော် သပိတ် အင်အားစုများ ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညသပိတ်ကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင် ကော်မတီမှ ဦးဆောင်ပြီး ကျောင်းသား လူငယ် ပြည်သူများ ပူးပေါင်းပါဝင်ကာ “ထကြွတော်လှန်ကျောင်းသားထုအားမာန်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် ယုတ်မာ သတ်ဖြတ်မှုကြောင့် ကျရှုံးခဲ့ရသော ကျောင်းသားလေး မောင်ဘုန်းတေဇ အပါအဝင်၊ ဖက်ဒရယ် ဒီမိုကရေစီတိုက်ပွဲအတွင်းကျရှုံး ခဲ့ရသော ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိ ရောက်ရှိပါစေကြောင်း ဆုတောင်းမှုများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။