21 C
Yangon

ကရင်ပြည်နယ်တွင် ထောက်လှမ်းရေးလုပ်နေသည့် ဒုအရာခံဗိုလ် စိုးမြင့်ဆိုသူကို ပစ္စတိုသေနတ်၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၀

ကရင်ပြည်နယ်အတွင်းသို့ ကယ်ရီသမား ဟန်ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်သည့် ဒုအရာခံဗိုလ်စိုးမြင့် ဆိုသူကို ပစ္စတို၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း Lion Battalion Commando Special Force က သတင်းထုတ်ပြန်သည်။

ဗိုလ်မှုး အယ်ဆေးဝါးဦးဆောင်သည့် Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းနှင့် KTL Army မဟာမိတ်ပူးပေါင်းစစ်ကြောင်းများ စစ်ရေး လှုပ်ရှားနေသည့်နယ်မြေအတွင်းသို့ကယ်ရီသမားအသွင်ယူထားသည့် စစ်ကောင်စီထောက်လှမ်းရေးမှုးတစ်ဦးကို ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း၊ သက်သေခံဆက်စပ်ပစ္စည်းများနှင့်စစ်ဆေးတွေ့ရှိချက်များအရ ၎င်း ၏အမည်မှာ စိုးမြင့်ဆိုသူဖြစ်ပြီး ခလရ ၉၇တွင် အရာခံဗိုလ်ရာထူးဖြင့်နောက် ဆုံး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူကို စစ်သုံ့ပန်း ဥပဒေနှင့်အတူ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article