24 C
Yangon

ဗန်းမောက်၊ မံယူးကြီးရွာ ဆေးရုံဖွင့်ပွဲကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲသဖြင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၆ ဦး ဒဏ်ရာ အပြင်းအထန်ရ ၊ ဆေးရုံ တစ်စစီ ပျက်စီးသွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မံယူးကြီးရွာတွင် ကျေးလက် ဆေးရုံဖွင့်ပွဲလုပ်နေစဉ် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခဲ့သောကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၆ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ် ခန့်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မံယူးကြီးကျေးရွာ ဆေးရုံဖွင့်ပွဲ ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ ဆေးရုံဖွင့်ပွဲသို့ လာရောက်ကြသည့် ပြည်သူ အများအပြား ထွက်ပြေးရပြီး အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်မာချို ပွဲချင်းပြီး သေဆုံးကြောင်း၊ ကလေးငယ် ၆ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ဘာတိုက်ပွဲမှကို မရှိဘဲ တိုက်လေယာဥ်နဲ့ ဗုံးကျဲတာ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးတယ်။ က လေး ၆ ဦးအပြင်းထန် ထိခိုက်ဒဏ်ရာရခဲ့တယ်။ ရွာမှာ ဆေးရုံဖွင့်ပွဲရှိလို့ လူစုလူဝေးဖြစ်နေတဲ့အချိန် စစ်ခွေးတွေက ဆေးရုံကို ကျဲချသွားတာ ဆေးရုံလည်း တစ်စစီကိုဖြစ်သွားတယ်။ နေအိမ် ၅ လုံးလည်း မီးလောင်သွားတယ်။ အဲဒီဆေးရုံကကိုယ်ထူ ကိုယ်ထနဲ့ ပြည်သူတွေဆောက်ထားတဲ့ ဆေးရုံပါ။ နံနက် ၁၀ နာရီလောက်က ကျဲသွားတာ အင်းတော်ကိုကျဲတာက မိုးညှင်းက လာတဲ့ စစ်ခွေး တိုက်လေယာဥ်။ ဗန်းမောက်ကိုက ကျဲတာက တံတားဦးဘက်က လာတဲ့ စစ်ခွေးတိုက်လေယာဥ်ပါ။ ဒဏ်ရာ ပြင်းထန်းစွာရသွားတဲ့ ​ကလေးငယ်တွေက အသက် ၁၄၊ ၁၅ အရွယ်တွေပါ။ ဒဏ်ရာရသူတွေ တော်တော်များလောက်မယ်။ တစ်ချို့ဆို တစ်ကိုယ်လုံး ထိတာတွေရှိတယ်” ဟု Indaw Revolution – IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မံယူးကြီးကျေးရွာဒေသခံတစ်ဦးကလည်း ” အောက်တိုဘာလ ၂၀ ရက်နေ့ မံယူးကြီးကျေးရွာ ကိုယ်အားကိုယ်ကိုး ပြည်သူဆေးရုံကြီးဖွင့်ပွဲလုပ်ပြီးတဲ့နောက် ညနေ ၄ နာရီ ၂၀ မိနစ်မှာ တိုက်လေယာဥ် ၂ စီး နဲ့ ပစ်ခတ်တိုက်ခိုက်ပါတယ်။ မခင်မာချို အသက် ၄၃ နှစ်သည် ဦးခေါင်းခွံ ပြင်းထန်စွာဒဏ်ရာရရှိပြီး နေရာမှာ ပွဲချင်းပြီးဆုံးပါတယ်။ ဆေးရုံတစ်ခုလုံး ရစရာမရှိအောင် တစ်စစီပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်” ဟု ပြောဆိုသည်။

စစ်တိုက်လေယာဥ်ဖြင့် ဗုံးကျဲသွားသော ဆေးရုံသည် ပြည်သူများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော ပြည်သူဆေးရုံကြီးဖြစ်ပြီး ပြည်သူများ ၁၀ နှစ်ခန့် ကြာအောင် ကိုယ်ထူကိုယ်ထနည်းဖြင့် တည် ဆောက်ခဲ့ရကာ ဆေးရုံဖွင့်ပွဲ နေ့တွင်ပင် လေယာဉ်ဖြင့် ဗုံးကျဲ ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article