30 C
Yangon

တန့်ဆည်မြို့နယ်တွင် စစ်တပ်က ရဟန်းတစ်ပါးကို ဓားဖြင့်လှီးကာ စစ်ဆေးရိုက်နှက်ပြီး “PDF ဘယ်မှာရှိလဲ” ဟု မေးမြန်း ညှဉ်းပန်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ်က ချောင်းဦးကျေးရွာမှ သံ ဃာတော်တစ်ပါးကို ဓားဖြင့် လှီးခြင်း၊ ရိုက်နှက်ခြင်းများ လုပ်ဆောင်ကာ “PDF ဘယ်မှာရှိလဲ” ဟု မေးမြန်း စစ်ဆေးခဲ့သဖြင့် အဆိုပါ ရဟန်းမှာ ဒဏ်ရာအပြင်း အထန်ရရှိထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် တန့်ဆည်မြို့နယ်တွင် ချောင်းဦးကျေးရွာ ဘုန်းကြီးကျောင်းမှ ရဟန်းတစ်ပါးကို စစ်တပ်က ဖမ်းဆီးကာ ပခုံးနှင့်ခြေထောက်များကို ဓားဖြင့်လှီးဖြတ် စစ်ဆေးခဲ့ကြောင်း ၊ စစ်တပ်၏ ရိုက်နှက်ညှဉ်းပန်းမှု ခံရသော ရဟန်းမှာ အသက် ၂၈ နှစ်ခန့်ရှိကြောင်း၊ စစ်တပ်စစ်ကြောင်းများ ဝရငယ်ကျေးရွာမှ ချောင်းဦးကျေးရွာသို့ အောက်တိုဘာ ၁၈ ရက် နေ့ ဝင်ရောက်လာစဥ် ထွက်ပြေးချိန်မရဘဲ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဦးဇင်းလေးက အခု ဒဏ်ရာတွေ အများကြီးပဲရထားတယ်။ သင်္ကန်းချွတ်ပြီး ဓားတွေနဲ့ မွှန်း၊ ချိန်းကြိုးတွေနဲ့ရိုက်တာ။ ခြေထောက်တွေဆိုရင်လည်း အရိုးကို ရိုက်တာ။ “မင်း PDF တွေ ဘယ်မှာလဲ သိတယ်မလား ” ဆိုပြီး ရိုက်တာ။ သံဃာ တော်ကို မင်းနဲ့ငါပြောပြီး ရိုက်တာ။ အခုတော့ ဦးဇင်းလေးကို ဆေးကုထားတယ်။ အသက်အန္တရာယ် မစိုးရဘူးလားဆိုတော့ စိုးရိမ်ရပေမယ့် အရမ်းကြီး စဖြစ်ချိန်လောက်ကတော့ စိတ်ပူစရာမလိုတော့ဘူး။ ဦးဇင်းလေးက အတော်ကို ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးကပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းများခွဲ၍ ရွာစဉ်အလိုက် မီးရှို့ခြင်း၊ ပြည်သူများကို သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က အသားကို ဓားဖြင့်လှီး၊ ချိန်းကြိုးများဖြင့် ကျောကို ရိုက်နှက်ခြင်းကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိထားသော ချောင်းဦးကျေးရွာမှ ရဟန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article