ရန်ကုန်၊ အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး ကော့ကရိတ်ရဲစခန်း အချုပ်ထောင်ကို ဖွင့်ပေးလိုက်ပြီး အချုပ်သားများ လွှတ်ပေးလိုက် ကြောင်း Albino Tiger Battalion-1 ကျားဖြူတပ်ခွဲ-၁ သတင်းနှင့်ပြန် ကြားရေးက က တရားဝင် အသိပေး သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ကော့ကရိတ်မြို့နယ်တွင် ကော်သူးလေ Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Federal Wings၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြောင်း၊ လက် ရှိတွင် မြို့ပတ်ပတ်လည်ကို မဟာမိတ်ပူးပေါင်းတပ်များက ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းဖြင့် ကင်း လှည့်နေပြီ ဖြစ်ကြောင်း တရားဝင် ထုတ် ပြန် သည်။
လက်ရှိတွင် ကော့ကရိတ်အချုပ်ထောင်ကို ဖွင့်ပေးလိုက်ပြီး အားလုံး လွတ် မြောက် လာကာ ပူးပေါင်း တိုက်ပွဲဝင်နေကြောင်း၊ စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲနေကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ကော့ကရိတ်မြို့နယ် ရဲစခန်း။