28 C
Yangon

Must read

ပုလဲတွင် စစ်တပ်က ဒေါင်းမင်းPDF အဖွဲ့ ခေါင်းဆောင်နှင့်ရဲဘော် ၁ ဦးကို ခေါင်း ဖြတ်သတ်၊ ယင်းမာပင်၊ ရွှေလှံကျေးရွာတွင် PDF ၁၀ ဦး၊ ကိုယ်ဝန် ဆောင် ၁ ဦး နှင့် အဘွားအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် ၊ပုထိုးသာရွာနှင့် ဇီဖြူကုန်းရွာအကြာ်တွင် စစ်ကောင် စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် ဒေါင်းမင်း PDF တပ်ဖွဲ့ ခေါင်းဆောင်၏ အလောင်းနှင့် ရဲဘော် ၁ ဦး အလောင်းကို အောက်တိုဘာ၂၁ရက်နေ့ နံနက် ၇ နာရီ ကျော်အချိန် ရှာဖွေတွေ့ရှိကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူက ပြော သည်။

“ဒေါင်းမင်းအဖွဲ့ရဲ့ တပ်ရင်းမှူး နဲ့ရဲဘော် ၇၆၀( အမည်ဖြစ်ပါသည်) တို့ မနေ့က စစ်ကောင်စီ ရဲ့အဖမ်းခံလိုက်ရတယ်။ သူတို့ကို ဖမ်းပြီးတော့ ရက်ရက် စက် စက်သတ်သွားတယ်။ ကျနော်တို့ ပထမတွေ့တာက ခန္ဓာကိုယ်ကို အရင်တွေခဲ့တယ်။ ဗိုလ်စက္ကကို ဦး ခေါင်းရယ်၊ လက်တွေ၊ ခြေထောက်တွေ ဖြတ်သတ်ထားခဲ့တယ်။ ရဲဘော် ၇၆၀( အမည်ဖြစ်ပါသည်) က တော့ ခေါင်းဖြတ်တယ်၊လက်တွေ၊ခြေထောက်တွေနဲ့ ငယ်ပါပစ္စ္စည်းပါဖြတ်ပြီးသတ်သွားတယ်” ဟု ဒေါင်းမင်းအဖွဲ့မှ ဗိုလ်ကျားမင်းက ပြောသည်။

ရဲဘော် ၇၆၀( အမည်ဖြစ်ပါသည်) နှင့် ဗိုလ်စက္ကကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်၊ ရွှေလှံရွာမှာတပ်စွဲနေပြီး PDF ၁၀ ဦး၊ ကိုယ်ဝန်ဆောင် ၁ ဦးနှင့် အဘွားအို ၁ ဦးကိုပါ ဆက်လက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ် ရွှေလှံကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ အောက် တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး PDF ၁၀ဦး၊ ကိုယ် ဝန် ဆောင် ၁ ဦး ၊ အဘွားအို ၁ ဦး စုစုပေါင်း ၁၂ ဦးကို သတ်ဖြတ်သွားကြောင်း ၊ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article