26 C
Yangon

ရွှေဘိုတွင် စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး၊ ဟားခါးတွင် စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၄၅ မိနစ်တွင် ဇီးဖြူကုန်းကျေးရွာ အရှေ့ဘက်ရှိ ကန်ဘေး ညောင်ပင်အောက်တွင် ဝပ်ကျင်း ပြုလုပ်နေသော နေရာအား ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးထောင်ထားစဥ် စစ်သားနှင့် ပျူစောထီး ၄ ဦး ရောက်ရှိလာပြီး ဖောက်ခွဲ တိုက်ခိုက်ခံရကာ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိပြီး အလောင်းများကို ထော်လာဂျီဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ဇေယျာသွေးကျားရိုင်း (LDF)၊ C&T SHWEBO(LDF)၊ BO BA TAW (LDF)၊ Shwe Bo . EYE FOR EYE (PDF)၊ MAGIC DRAGON SHWEBO (LDF)၊ မဟူရာ ရွှေဘိုသား (LDF)၊ ဗိုလ်မြင်းပျံ (LDF)၊ ShweBo Federal Army (SBFA)၊ Snake Eyes (LDF) ဗိုလ်ကျားရိုင်း ရွှေဘို(LDF)၊ Alpha 7 (LDF)၊ ဒေါင်းမာန် ရွှေဘို(LDF)၊ ငါးမည်ရ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဇာမဏီဒေါင်း၊ ရွှေဘို စွန်ရဲ (LDF)၊ MDF – ShweBoနှင့် ရွှေဘိုမြို့နယ် တိုက်နယ် (၂)တပ်ပေါင်းစုရဲဘော်များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်း ဟားခါးမြို့ ကျော်ဘုတ် ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို CDF-Hakha Battalion-2 (ဆဲန်ထန်းတပ်ရင်း) တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုသည် အောက်တိုဘာ ၁၉ရက်နေ့က အကြမ်းဖက် စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဘွန်လုံး‌ရွာ သူငယ်တန်း ကျောင်းသား ၂ ဦးအတွက် လက်စားချေ တိုက်ခိုက်ခဲ့​ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း သေဆုံးသွားသော စစ်သားများ၏ အလောင်းများကို စစ်ကား ၁ စီးဖြင့် ယူဆောင်သွားကြောင်း Senthang Council က ထုတ်ပြန်ထားသည်။

Photo – CDF-Hakha Battalion-2 တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article