ရန်ကုန်၊ အောင်တိုဘာ ၂၂
မုံရွာတွင် Fight For People အဖွဲ့မှ PDF ရဲဘော် ၁ ဦး ဓာတု လက်နက်ထိမှန်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံမှ သိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် Fight For People အဖွဲ့၏ စခန်းကို အကြမ်းဖက် စစ်တပ်က စီးနင်း တိုက်ခိုက်ချိန် ပြန်လည်ခုခံနေသည့် အသက် ၁၉ နှစ်အရွယ် PDF ရဲဘော် ကိုဝေယံသည် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည် ထိမှန်ပြီး ထပ်မံ ပစ်ခတ်သည့် ဓာတု လက်နက်ပါ ထိမှန်ကာ ထွက်ပြေးနိုင်ခြင်း မရှိချိန်တွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သောကြောင့် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ရင်း-၃၊ တပ်ရင်း-၄ ၏ အထူးကွန်မန်ဒို တပ်ဖွဲ့ (Monywa The Boys) အနေဖြင့် မိသားစုနှင့် အတူထပ်တူ ကြေကွဲ ဝမ်းနည်းရကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမန်းကျင်းရှိ စစ်ရှောင် တောတဲများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဝက်လက်မြို့နယ် သမန်းကျင်း ကျေးရွာရှိ တောတဲများတွင် နေထိုင်သော စစ်ရှောင်ပြည်သူများကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့ပြီး လင်မယား ၂ ဦး ကျည်ထိမှန်ကာ အမျိူးသားသားဖြစ်သူ ဦးအောင်ငွေမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိူးသမီးဖြစ်သူ ဒေါ်ချိုလည်း သေနတ် ဒဏ်ရာ ၂ ချက် ထိမှန်ပြီး ဒဏ်ရာအခြေ စိုးရိမ်ရကြောင်း GZ Special Task Force – Wetlet တပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ – ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်သတ်ခဲ့သော စစ်ရှောင်ပြည်သူ ဦးအောင်ငွေ