26.3 C
Yangon

CDM ပါမောက္ခ ဆရာဝန်ကြီး ၁၄ ဦးအပါအဝင် ဆရာဝန် ၅၅၇ ဦးကို ဝန်ထမ်း အဖြစ် ထုတ်ပယ်သည့်အပြင် ဆေးကုသခွင့်လိုင်စင်များ ရုပ်သိမ်းဟု စစ်ကောင် စီ လျှို့ဝှက် အမိန့်များထုတ်ပြန်

Must read

NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး၏ အကိုဖြစ်သူ ညွှန်ချုပ် ဒေါက်တာမြတ် ၀ဏ္ဏစိုးက လက်မှတ်ရေးထိုးထား

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကောင်စီကို တော်လှန်အာခံခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာန CDM ပါ မောက္ခ ဆရာဝန်ကြီး ၁၄ ဦးအပါအဝင် ဆရာဝန် ၅၅၇ ဦး ကို ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်သည့်အပြင် ဆေးကုသခွင့်လိုင်စင်များကိုလည်း ရုပ်သိမ်းကြောင်း စစ်ကောင်စီ လျှို့ဝှက် အမိန့်များထုတ်ပြန်လိုက်သည်။

အဆိုပါအမိန့်များတွင် NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး၏ အကိုဖြစ်သူ ညွှန်ချုပ် ဒေါက်တာမြတ်၀ဏ္ဏစိုးက လက်မှတ်ရေးထိုးထားကြောင်း သိရှိရသည်။

ယခုနှစ် ၂၀၂၂ ခုနှစ်နှစ်စပိုင်းမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်ကြီးများ၊ ဆရာဝန်များအပါအဝင် ဆရာဝန် ၅၅၇ ဦး၏ လိုင်စင်များကို ရုပ်သိမ်းကြော်ငး ၊ယခုနှစ် ဖေဖော်ဝါရီလ တွင် ဆရာဝန် ၁၄ ဦး၊ မတ်လတွင် ၅၀ ဦး၊ ဧပြီလ တွင် ၄၁ ဦး ၊ မေလတွင် ၆၆ ဦး၊ ဇွန်လ တွင် ၆၀ ဦး၊ ဇူလိုင်လတွင် ၆၁ ဦး၊ ဩဂုတ်လ တွင် ၈၀ ဦး၊ စက်တင်ဘာလတွင် ၈၇ ဦး၊ အောက်တိုဘာလတွင် ၉၈ ဦး၏ ဆေးကုသခွင့်လိုင်စင်များကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“တစ်နိုင်ငံလုံးနီးပါးပဲ။ ပထမ ၁၄ ယောက်ဆို ပါမောက္ခအဆင့်တွေ၊ အငယ်တွေတော့ မပါသေးဘူး။ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက အဆင့်တွေ” ဟု ကျန်းမာရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဆေးကုသခွင့်လိုင်စင်များကို ပိတ်သိမ်းသူမှာ NLD အမျိုးသားလွှတ် တော် အမတ် ဒေါက်တာမြတ်ဉာဏစိုး၏ အစ်ကိုဖြစ်သူ ညွှန်ချုပ်ဒေါက်တာမြတ်၀ဏ္ဏစိုးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article