ရန်ကုန်၊ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၇ အမိမြေတပ်ခွဲနှင့် မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် NUG အစိုးရ ဖွင့်လှစ်ထားသော အသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းမာပင် ခရိုင်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်မှုဖြင့် အခမဲ့ပညာရေးစနစ် ဖော်ဆောင်နေသော စာသင်ကျောင်း တစ်ကျောင်းကို စာအုပ်ဒါဇင် ၅၀၊ ခဲတံ ဗူး ၁၀၀၊ ဖောင်တိန်ဗူး ၁၀၀၊ မြေဖြူ ၂၀ ဘူး၊ A4 ၁ ပုံး တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။