ရန်ကုန်၊ အောက်တိုဘာ ၂၃
အမေရိကန်၊နယူးယောက်မြို့တွင် ဒါရိုက်တာကိုပေါက်၏ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို တစ်နေ့ ၆ ကြိမ်ပြသရပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကြောင်း သိရှိရသည်။
Helping Hands for Burma (H2B) နှင့် Spring Myanmar Society (SMS) ပူးပေါင်းစီစဉ်သည့် ဒါရိုက် တာ ကိုပေါက်ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင် ကို အမေရိကန် နိုင်ငံ နယူးယောက်မြို့The Zukor Theatre, Kaufman Astoria Studios တွင် အောက်တိုဘာ ၂၂ ရက်( မြန်မာစံတော်ချိန် အောက်တိုဘာ ၂၃ ရက်) မွန်းတည့် ၁၂ နာရီမှ ည ၉ နာရီအထိ ခြောက်ပွဲ ပြသခဲ့ကြောင်း သိရှိရသည်။
ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်း တစ်နေရာတွင် iphone 11 ကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မှလည်း ပရိသတ်နှင့်အတူ ကြည့်ရှူ့အားပေးခဲ့ကြောင်း၊ ရန်ပုံငွေ အတွက် အထူးအစီအစဉ် အနေဖြင့် ကိုပေါက်၏ ဒစ်ဂျစ်တယ် လက်ရေးပန်းချီ များကို လေလံတင်ရောင်းချပေးခြင်း မိုးခါးရေ အမှတ်တရ T-Shirts နှင့် ဆွယ်တာများကို ရောင်းချပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရရှိလာသော ရန်ပုံငွေများအားလုံးကို မြေပြင်အတွက်အရေးပေါ် လိုအပ်နေသော နေရာများကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။