27.5 C
Yangon

ဂန့်ဂေါတွင် စစ်တပ် ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှုရှိ၊ ကျောက်ရစ် ရဲစခန်းမှ စစ်ကောင်စီတပ်များ ဖောက်ခွဲတိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဂန့်ဂေါခရိုင် အမှတ်(၁)တပ်ရင်းထံမှ သိရသည်။

အောက်တိုဘာလ၂၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဂန့်ဂေါမြို့နယ် ကန်ရွာမှ ဂန့်ဂေါမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာလာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် တပ်မ ၅၅ ခြေလျင်စစ်ကြောင်းကို ကျွဲနန်းရွာအရှေ့ဘက် ရိုးမတောင်ကြောပေါ်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ပြီး ၄၅ မိနစ်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဂန့်ဂေါခရိုင် အမှတ်(၁) တပ်ရင်း တပ်ခွဲ ၁ တပ်ခွဲမှူးဦးစီးသည့် အင်အား ၆၀ ရှိ PDF တပ်ရင်း၊ ABSDF၊ KKG၊ ၊၇၀၅ ၊ပကဖ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း ဂန့်ဂေါခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ကျောက်ရစ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို ဗိုလ်နေတိုး ဦးဆောင်သည့် ကာကွယ်ရေး အဖွဲ့က မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်းသိရသည်။

” ကျောက်ရစ်ခွေးခြံက ထွက်လာတဲ့ စစ်ခွေးတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲ စစ်ခွေးတွေထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ ကျွန်တော်တို့ ဖောက်ခွဲလိုက်တဲ့ ချိန်မှာ သေပါပီတော့လို့ အော်တဲ့အသံတွေကြားရတယ်။ စစ်ခွေးကောင်တွေကလည်း ဆဲတာတွေရှိတယ်။ ဖောက်ခွဲမှုပြီးတာနဲ့ ရမ်းပြီးကို ပစ်တော့တာပဲ” ဟု ဗိုလ်နေတိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

Photo – ဂန့်ဂေါခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article