25.7 C
Yangon

ကသာသို့ ဆန်တက်လာသည့် စစ်တပ် ရေယာဥ်များ ပစ်ခတ်မှုကြောင့် ၁၂ နှစ် ကလေးငယ် ၁ ဦးသေဆုံး၊ စစ်သား အလောင်းများလည်း သဂြိုလ်သွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ် ရေယာဥ်များနှင့် တိုက်လေယာဥ်များ ပစ်ခတ်မှုကြောင်း ၁၂ နှစ် ကလေးငယ် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မိုးတားလေးရေဆိပ်မှ ဖျားနာ ထိခိုက်ဒဏ်ရာရ စစ်သားများကိုတင်ဆောင်ပြီး ရေ​ယာဥ်များ ဆက်လက်ထွက်ခွာလာစဥ် ဆင်ကုန်တိုင်ကျေးရွာအနီးတွင် လေယာဥ်များပါ လိုက်ပါဝဲပျံခဲ့ပြီး ရေယာဥ်များမှလဲ ဆင်ကုန်တိုင်ရွာဖက်ကို လက်နက်မျိုးစုံဖြင့် ပစ်ခတ်ခဲ့သောကြောင့် သိရသည်။

အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စု ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူ မနှင်းအိလွင်ကို လက်နက်ကြီး ထိမှန်ကာ ညာဘက်ရင်ဘတ် နှင့် ခြေတောက်တွင် လက်နက်ကြီးစများ ထိမှန်သေဆုံးခဲ့ပြီး မဇင်မာဦးမှာ ဘယ်နားရွက် လက်နက်ကျည်စ ထိမှန်ခဲ့ပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီူ နွားလှည်းနှင့် နေအိမ်များကိုပါ ပေါက်ကွဲကျည်စများ ထိမှန်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် မိုးတားလေးကျေးရွာ ဆိပ်ကမ်း၌ ရပ်နားခဲ့ကြောင်း၊ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုးတာရွာ မန်ကျည်းပင်​​ကျောင်းတိုက်၌ တပ်စွဲထားသော တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇ တပ်မှ တပ်သား ကျော်စွာ နှင့် စစ်ရေယာဥ်များနှင့် လိုက်ပါလာသည့် လည်ပင်းတွင် မိုင်းစဒဏ်ရာရ အမည်မသိ အရာခံဗိုလ် အပါအဝင် စုစုပေါင်း ၂ ဦးကို မိုးတားလေးကျေးရွာ သုဿာန်တွင် မီးသဂြိုလ်သွားကြောင်း၊ မန်ကျည်ပင်ကျောင်းတွင်ရောက်ရှိနေသော ခမရ ၇၇ တပ်မှ ဖျားနာနေသူတွေများနေပြီး အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း သေဆုံးသူများကို ဘုန်း​​ကြီးကျောင်း အနီးနာမှာတွင်ပင် မြေမြုပ်သွားကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုသည် မန္တလေးမှ ထွက်လာသည့် ရေယာဥ် ၇ စီးဖြင့်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ကသာမြို့၌ ညအိပ် ရပ်နားခဲ့ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အထက်သို့ ဆက်လက် ဆန်တက်လာ​ကြောင်း၊ ကပ္ပလိပ်ကျေးရွာမှ စတင်ပြီး လက်နက်ကြီး ငယ်မျိုးစုံဖြင့် ပစ်ခတ်ဆန်တက်ခဲ့ပြီး ရေယာဥ်အုပ်စုကို ဂျက်လေယာဥ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ်များမှ အလှည့်ကျ ဝဲပျံပြီး လိုက်ပါလာခြင်းကြောင်း သိရသည်။

ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများကို စစ်တပ် ရေယာဥ်များ အစုန် အဆန်လုပ်ချိန်တွင် ပြည်သူများ စိုးရိမ်နေကြရပြီး စစ်တပ်ဘက်မှ PDF တွေမရှိဘဲ ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်နေသောကြောင်း၊ ယင်းသို့ ပြုလုပ်ခြင်းသည့် စစ်တပ်ဘက်၌ သေချာတိကျသည့် သတင်းပေးပြည်သူများ မရှိသည့်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article