ရန်ကုန်၊ အောက်တိုဘာ ၂၃
ရန်ကုန်တွင် ရွှေပြည်သာမြို့နယ် ဗကသ ကျောင်းသားများ “အောင်ပွဲဆိုတာ တိုက်ရဲတဲ့ သူတွေ အတွက်ဖြစ်တယ်” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၆ ရွှေပြည်သာကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊အောင်သုခ ကိုယ်ပိုင် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ရွှေပြည်သာမြို့နယ်ရှိ ကျောင်းတစ်ခု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။