ရန်ကုန်၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဟန်လင်း ပျူမြို့ဟောင်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်း မီးရှို့နေကာ ပြည်သူများလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။
” အကြမ်းဖက် စစ်တပ်က အခု ညနေ ၄ နာရီမှာ လက်နက်ကြီးတွေနဲ့ ပစ်ပြီး မီးရှို့နေပြီး ပိတ်မိတဲ့ ပြည်သူတွေနဲ့ ဖမ်းဆီးခံရတဲ့ သူတွေလည်းရှိတယ်။ ပြည်သူတွေ ဒဏ်ရာရတာ သေဆုံးတာတွေရှိတယ်လို့ ကြားပေမယ့် အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။