20.3 C
Yangon

မန္တလေးတွင် စစ်ကား မိုင်းဆွဲခံရပြီး စစ်သား ၄ ဦးသေဆုံးဟုဆို၊ ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၆ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ထုံးဘို-ပြင်ဦးလွင်အတက်ကားလမ်း၊ တမုတ်ဆိုးကျေးရွာအနီးရှိ မင်္ဂလာတံတားပေါ်တွင် ဖြတ်သန်းသွားသည့် စစ်ကား (Faw) တစ်စီး ကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ် သား ၄ ဦး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ် ပြန်သည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီ ထုံးဘို မင်္ဂလာတံတား အနီးတွင် စစ်ကောင်စီ တပ်သား ၁၅ ဦးလိုက်ပါသော စစ် Faw ကားတစ်စီးကို ပဒေသာမိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်သား ၄ ဦးကားပေါ်မှ လွှင့်စင်သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရခဲ့ကြောင်း ၊ တိုက်ခိုက်မှုကို Generation Z Power -GZP ( Mandalay) ပြည်သူ့ ကာကွယ် ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) နှင့် မဟာမိတ်ဖြစ်သော ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ တောင်ကြာအင်းနှင့်မြောက်ကြာအင်းတို့တွင် အောက်တိုဘာ ၂၁ရက်နေ့ နှင့် အောက်တိုဘာလ ၂၂ရက်နေ့ ၂ ရက်ဆိုက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ ၂၆ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များကို ဂဠုန်စစ်ကြောင်း၊ KNDO တပ်မဟာ (၆) တပ်ရင်း (၆)၊ ကျားဖြူ တပ်ခွဲ (၃) ၊ KNLA တပ်ရင်း (၂၇) နှင့် FRF ပူးပေါင်းတပ်ဖွဲ့များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၂၆ ဦးကျဆုံးကာ ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဂဠုန်စစ်ကြောင်းဘက်မှ ရဲဘော်ရွှေက္ကိုလ် နှင့် ရဲဘော်ခါလစ် ၊ FRF အဖွဲ့မှ ရဲဘော်မနော ကျဆုံးကြောင်း၊ စစ်တပ်၏လက်နက်ကြီးကျည်ထိမှန်၍ သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း၊ ရဲဘော် ၇ ဦး နှင့် ရွာသားအချို့လည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဂဠုန်စစ်ကြောင်း က ပြောဆိုထားသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် လွန်ခဲ့သော လများအတွင်း မိုင်းဆွဲခံရသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article