ရန်ကုန်၊ အောက်တိုဘာ ၂၃
အရာတော်မြို့နယ်တွင် ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားများ ဦးဆောင်ကာ ရဲဘော် ဗိုလ်သက်တံ့ ကျဆုံးခဲ့ခြင်း တစ်နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ် ) မှ ဦးဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံတော်အား လွင့်ထူ၍ “သွေးဟာ မြစ်ဆို ဗိုလ်သက်တံ့က လှေဖြစ်တယ်ဆိုတာ ငါတို့မမေ့ဘူး”၊ “ဘုံရန်သူတူနေရင် ညီညွှတ်ရေးလည်းယူနိုင်ရမယ်” ဘန်နာစာသားများ ချိတ်ဆွဲကာ နိုင်ငံရေးသဘောတရားများ ဟောပြောခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ အခမ်းအနားသို့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တက်ရောက်ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။