21 C
Yangon

ပခုက္ကူတွင် စစ်ဆေးရေး လုပ်နေသော စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ကော့ကရိတ် ခရိုင်ရဲစခန်းနှင့်ခလရ ၉၇ ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ် သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပခုက္ကူမြို့ပတ် လမ်း နှင့် မြို့သစ်လမ်းဆုံတွင် စစ်ဆေးရေးလုပ်နေသော စစ်သားများကို ဒေသ ခံ ကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Yesagyo Revolution Group – YRG အဖွဲ့၊ Urban Underground Revolution Force -UURF ၊ Shwe Nyar Myae – PDF ၊ King Cobra နှင့် ဒေါင်းညီနောင် အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း YRG အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန် ကရင် ပြည်နယ်၊ ကော့ကရိတ်ရှိ ခရိုင်ရဲစခန်းနှင့် ခလရ ၉၇ တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Lion Battalion Commando Special Force စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

Lion Battalion Commando Special Force စစ်ကြောင်းက Angry Bird Drone Rangers ၊ Saw Dragon Drone Force ၊ ARMS Drone Force မဟာမိတ်ဒရုန်း တပ်ပေါင်း စုများက ကော့ကရိတ်မြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ခရိုင်ရဲစခန်းနှင့်ခလရ(၉၇) တပ်များရှိရာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ချိန် မိနစ်၄၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ စက်လတ် သမား အပါအဝင် စစ်သား ၃ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကော့ကရိတ်တွင် ယနေ့ ညနေပိုင်း ဒရုန်းဖြင့် စစ်ဆင်ရေး လုပ်ဆောင်ခဲ့သော မဟာမိတ်တပ်ပေါင်းစုများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article