35 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၄ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကချင်ပြည်နယ်၊ ဖားကန့်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းက ၆၂ နှစ်မြောက် KIO နေ့ အထိမ်း အမှတ်အတွက် ၊ တေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်နေတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေ ယာဉ်တွေနဲ့ ဗုံးကျဲမှုကြောင့် အနုပညာရှင် နဲ့ ပြည်သူ စုစုပေါင်း အယောက် ၅၀ နီးပါး ထိခိုက်သေဆုံး မှုတွေရှိတယ်လို့ ကချင် သတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။ – စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်မှာရှိတဲ့ ဟန်လင်းပျူမြို့ဟောင်းကို အောက်တိုဘာလ ၂၃ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ – မန္တလေးတိုင်း၊ အမရပူရမြို့နယ်က စစ်ကောင်စီရဲ့ ရဲစခန်း လက်အောက်မှာရှိတဲ့ စစ်ကိုင်းတိုင်းတံတား ရဲကင်းက သေနတ် ၂ လက်ပျောက်ဆုံးသွားတဲ့အတွက် အဲ့ဒီ့ ရဲကင်း နဲ့ အမရပူရရဲစခန်းက ရဲ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ကြောနေတယ်လို့ ရဲအသိုင်းအ၀ိုင်းဆီကနေ သိရပါတယ်။ – တိုက်ကြီးမြို့နယ် ၊ ကွမ်းသီးမြောင်ကျေးရွာ အနီး ၊ ခရိုင်ချင်း- ဆက်လမ်း နဲ့ မြောက်လှိုင်ရိုးမ ကြိုးဝိုင်းတဝိုက် မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ၊သစ်တောဝန်ထမ်းတွေ နဲ့ ထွေအုပ်ဝန်ထမ်းတွေက ရှာ ဖွေနေတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article