35 C
Yangon

ကန့်ဘလူရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က စီးနင်း မီးရှို့နေပြီး ကျေးရွာ ၉ ရွာက ထောင်နှင့်ချီသော ပြည်သူများ စစ်ရှောင်နေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကိုတောင်ဘို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ခမရ-၃၆၃မှ စစ်သားများသည် နံနက် ၆ နာရီခန့်တွင် ဥာဏ်အင်းရွာ၊ နံနက် ၉ နာရီခန့်တွင် ရွာမရွာနှင့် နံနက် ၁၁ နာရီခန့်တွင် ဇော်ချောင်းရွာတို့ကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဝင်ရောက် စီးနင်း နေခြင်းဖြစ်ပြီး အင်းလယ်ကြီး၊ ဉာဏ်အင်း၊ ရွာသစ်ကုန်း၊ ရွာမ၊ ရှမ်းတပ်၊ ကျွန်းပင်ကုန်း၊ ကိုင်းရိုး၊ သရက်တာနှင့် ထိန်တော စသည့် ကျေးရွာ ၉ ရွာ ထောင်နှင့် ချီသော ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

” ဒီနေ့ စီးနင်းမှုမှာ သင်တောရွာက ပြည်သူ ၁ ဦး လက်နက်မှန်ပြီး ထိခိုက်ဒဏ်ရာရထားတယ်။ တိုက်ပွဲလဲ မရှိဘူး။ ထိတွေ့မှုလဲ မဖြစ်ဘူး။ အဲ့ဒီစစ်ကြောင်းက ကိုးတောင်ဘို့ အထိုင်ချထားတာ ၆ လကျော်လာပြီ သူတို့က တစ်ရွာဝင် တစ်ရွာထွက် လှည့်ပတ် ရှို့နေတာပဲ မနေ့ကတော့ ဝက်သဲအင်းရွာက တစ်အိမ်ရှို့ခံရတယ်။ လောလောဆယ်တော့ ဇော်ချောင်းရွာထဲ ဝင်ခါစပဲရှိသေးတယ်။ ဘယ်ကို ဆက်ပြီး စီးနင်းမယ်ဆိုတာ အတိအကျတော့ ပြောလို့မရသေးဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် ဇော်ချောင်းရွာကို ကြိမ်မြောက် မီးရှို့ ဖျက်စီးနေခြင်း ဖြစ်ပြီး ဇော်ချောင်းရွာတွင် အိမ်ခြ ၁၈၀ ခန့်ရှိကာ ၄ ကြိမ် မီးရှို့ဖျက်စီးမှုအတွင်း အိမ်ခြေ ၁၃၉ လုံး မီးလောင်ပြာကျခဲ့ပြီး အိမ်ခြေ ၄၀ ခန့်သာ ကျန်ရှိတော့သည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီး နေသော ဇော်ချောင်းရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article