29 C
Yangon

အယ်ဒီတာ့အာဘော်

Must read

စစ်ရေး ပစ်မှတ် မဟုတ်သည့် ကချင်အခမ်းအနားပွဲကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်ခြင်းဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု နှင့် စစ်ရာဇဝတ်မှုကို မင်းအောင် လှိုင်စစ်တပ်က ကျူးလွန်

By ရန်ကုန်ခေတ်သစ်

ကချင်းတိုင်းရင်းသားတို့၏ အဖွဲ့အစည်းဖြစ်သည့် KIO အဖွဲ့ ၏ ၆၂ နှစ်မြောက် အထိမ်းအမှတ် အကြို အခမ်းအနား ကျင်းပရာ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန်ဝန်းကျင်တွင် ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲချလိုက်သည်။

အဆိုပါ ဗုံးကျဲမှုကြောင့် အဆိုတော် ကိုအော်ရာလီ၊ ကီးဘုတ်သမား ကိုကင်း အပါအဝင် လူငယ် ဂီတသမားများ၊ အဆိုတော်များ၊ ပြည်သူများ စုစုပေါင်း ၅၀ ကျော် သေဆုံးသွားခဲ့ရသည်။ ပစ်ခတ်ခံရသည့်နေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အေးဆေးစွာဖြင့် အခမ်းအနားကျင်းပနေချိန်ဖြစ်ရာ ယင်းကဲ့သို့ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းထဲသို့ တိုက်လေယာဉ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခြင်းသည် ကချင်တိုင်းရင်းသားများအပေါ် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန် ခြင်းနှင့် စစ်ရာဇ ဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်။

ကရင်နီ၊ ကရင်ပြည်နယ်၊ ချင်း၊ စစ်ကိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ကချင် ပြည်နယ်တို့တွင် စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူများနေထိုင်ရာ နေရာများသို့ စစ်တပ်က ယခုပွင့်လင်းရာသီတွင် လေယာဉ်ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြု လုပ်နေရာ ယင်းအခြေအနေမှာ ပြည်သူများအပေါ် လူမျိုးတုန်းသတ်ဖြတ်ခြင်းနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန် နေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းကို ဆန့်ကျင်သူမှန်သမျှ ကို ရက်ရက် စက် စက် သတ်ဖြတ်ခြင်းဖြင့် စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ဆက် တိုက်ကျူးလွန်နေသည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာက ရှုတ်ချပါသည်မှ လွဲ ၍ ဘာမှ မတတ်နိုင်ဘဲ မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုများကို လျစ်လျူရှု ထိုင်ကြည့်နေသည်။

ယမန်နေ့ညပိုင်း စစ်တပ်၏ အကြမ်းဖက် လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သေ ဆုံးသွားရသော ကချင်တိုင်းရင်းသား ပြည်သူ ၅၀ ကျော်အတွက် တရားမျှတမှု ကို မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်များနှင့် အကြမ်းဖက်စစ်တပ်က ပြန် လည် ပေးဆပ်ရမည်ဖြစ်သည်။

ရက်စက်ယုတ်မာသော ၊ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူး လွန်နေသော မင်းအောင်လှိုင်၊ စစ်ခေါင်း ဆောင်နှင့် သန္ဓေယုတ် ဖက်ဆစ် စစ် တပ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားရေး ပြည်သူများ၊ တိုင်းရင်း သားများ အားလုံး ပူးပေါင်း၍ မဖြစ်မနေ တိုက်ပွဲဝင် တော်လှန်ရမည်သာဖြစ်ပါကြောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article