25 C
Yangon

အကြမ်းဖက်စစ်တပ်၏ လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် ကချင် အနုပညာရှင်၊ အဆိုတော်၊ ဂီတသမားများ အပါအဝင် ပြည်သူများ ထိခိုက်ကျဆုံးကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု၊ ကချင်အလံများ ဝမ်းနည်းခြင်း အထိမ်း အမှတ် တိုင်တစ်ဝက် လွှင့်ထူ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ညအကြမ်းဖက်စစ်တပ်၏ ​လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် ကချင် အနုပညာရှင်၊ အဆိုတော်၊ ဂီတသမားများ အပါ အဝင် ပြည်သူများ ထိခိုက်ကျဆုံးကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုလိုက်သည်။

“သေဆုံးထိခိုက်ဒဏ်ရာရသူတွေမှာ အနုပညာရှင်၊ အဆိုတော်၊ ဂီတ ပညာရှင်တွေပါဝင်တာဟုတ်ပါတယ်။ အရေအတွက်နဲ့ ဘယ်သူတွေဆိုတာတော့ ကျနော်မသိသေးပါဘူး။ သူတို့လည်း အဲဒီဘက်မှာ အတော်ရှုပ်နေတယ်။ ဝမ်းနည်းမှု အထိမ်းအမှတ် ကချင်အလံတွေ တိုင်တစ်ဝက် လွှင့်ထူထားပါတယ်” ဟု ဗိုလ်မှူး‌ကြီး နော်ဘူက ပြောဆိုသည်။

(ဗိုလ်မှူးကြီး နော်ဘူနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ ဆက်လက် ဖော်ပြပါမည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article