25 C
Yangon

“See Myanmar and save Myanmar by UN” စာတန်း ကိုင်ဆောင်ကာ ချင်းတွင်း သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် “See Myanmar and save Myanmar by UN” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ယခုလက်ရှိမှာ စစ်ကောင်စီဟာ ရန်သူပီသစွာ အပြစ်မဲ့ပြည်သူများကို ဝေဟင်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွေ နေ့စဥ်ပြုလုပ် လျှက်ရှိနေပါတယ်။ မြန်မာနိုင်ငံမှ ပြည်သူများခံစားနေရတဲ့ အဖြစ်အပျက်တွေကို UN က လက်ပိုက်ပြီးကြည့်နေတော့မှာလား။ မည်သည့်အကူအညီများ ပေးဖို့အစီအစဥ်မရှိတော့ဘူးလား။ စစ်ကောင်စီကို ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့တွေဝေနေတာလား။ ထို့အတွက်ကြောင့် See Myanmar and save Myanmar by UN စားသားကိုကိုင်ဆောင်ပြီး အန္တရာယ်များကြားကနေ သပိတ်ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photos – AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article