26 C
Yangon

လွိုင်ကော်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ လင်မယား ၂ ဦး သေဆုံး၊ အသက် ၈ နှစ်အရွယ်သား နှင့် အသက် ၆လ အရွယ် သား ၂ ဦးလည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် နေအိမ်အတွင်း ကျရောက်ပေါက်ကွဲသဖြင့် လင်မယား ၂ ဦး သေဆုံးပြီး အသက် ၈ နှစ်အရွယ်သား နှင့် အသက် ၆လ အရွယ် သား ၂ ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်း လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာရှိ နေအိမ်အတွင်းသို့ စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ခင်ပွန်းဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ လွိုင်ကော်ဆေးရုံတွင် ကုသနေသော ဇနီးဖြစ်သူမှာလည်း ဦးခေါင်းဒဏ်ရာဖြင့် ယနေ့ ညနေပိုင်းတွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

လင်မယား ၂ ဦးသေဆုံးသည့်အပြင် အသက် ၈ နှစ်အရွယ်နှင့် ၆ လသားအရွယ် သားနှစ်ဦးလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

ကရင်နီပြည်နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်သည် အများပြည်သူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

ဓါတ်ပုံ – ရွှေလွိုင်ကော်ပရဟိတအသင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article